ပြီးခဲ့တဲ့မတ်လ(၂၈)ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြီးကြောင့် မန္တလေးမြိုမှာ ရှေးဟောင်းအဆောက် အဦ (၁၁၈)ခု ပြိုကျပျက်စီးခဲ့တယ်လို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) ကနေ သိရပါတယ်။

ပြိုကျပျက်စီးခဲ့တဲ့အဆောက်အဦတွေကို ရှေးမူမပျက် ပြန်လည်ပြုပြင်နိုင်ဖို ကွင်းဆင်းတွက်ချက် စာရင်းကောက် ယူတာတွေ ပြုလုပ်နေပါတယ်။ငလျင်ကြောင့် ပျက်စီးခဲ့တဲ့အထဲမှာ သာသနိကအဆောက်အဦတွေက ပိုများပြီး ဦးစားပေးအလိုက် ပြုပြင်သွားမယ်လို့ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဆန်းထွန်းအောင်က ပြောပါတယ်။ပြုပြင်ထိန်းသိမ်းရာမှာလည်း မြန်မာနိုင်ငံငလျင်ကော်မတီရဲ့ အကြံပြုချက်နဲ့ ဆောင်ရွက်သွားမှာဖြစ်တယ်လို ဆိုပါတယ်။ အခုအချိန်က မိုးရာသီရောက်နေပြီဖြစ်တဲ့အတွက် ပြိုကျခဲ့တဲ့ ရှေးဟောင်းအဆောက်အဦနေရာတွေကို မိုးရေမဝင်ရောက်စေဖို မိုးကာတွေ အုပ်ထားရပြီး ပြည်သူတွေအနေနဲ့ မိုးကာတွေလန်နေတာတွေနဲ့ မိုးကာတွေ မပျောက်ပျက်စေဖို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးစေလိုတယ်လို ပြောပါတယ်၊။

မန္တလေးတိုင်းဒေသကြီးမှာ ရှေးဟောင်းနေရာ(၁၁)နေရာ ရှိပြီး ငလျင်ကြောင့် မန္တလေးမှာ (၁၁၈)ခု၊ အမရပူရမှာ (၉၉)ခု၊ မြစ်ငယ်ဒေသမှာ(၃၃)ခု၊ အင်းဝဒေသမှာ(၆၀၀)၊ ပင်းယဒေသမှာ(၂၈၀)၊ မိတ္ထိလာဒေသမှာ(၁၇)ခု၊ ပလိပ်ဒေသမှာ(၂၄၆)ခု၊ မြင်းစိုင်းဒေသမှာ(၅၅)ခု၊ မက္ခရာဒေသမှာ(၅၁)ခု၊ အင်းယောင်းဒေသမှာ(၁၅)ခုနဲ့ မိုင်းမုန်းဒေသမှာ(၁၄)ခု စုစုပေါင်း(၁၅၂၈)ခု ထိခိုက်ခဲ့တယ်လို သိရပါတယ်။