ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မဟာချူလာလောင်ကွန်းတက္ကသိုလ်မှာ မြတ်စွာဘုရားရဲ့လျှာတော်ဓာတ်၊ သွေးတော်ဓာတ်၊ အသားတော်ဓာတ်နဲ့ ရဟန္တာဓာတ်တော်တွေကို ဘုရားအနေကဇာတင်လှူတာနဲ့အတူ နိုင်ငံတကာက ဗုဒ္ဓဘာသာရဟန်းသံဃာတော်အပါး(၇၅၀)ကို နေ့ဆွမ်းကပ်တာနဲ့ ဆွမ်းဆန်းစိမ်းလောင်းလှူပွဲကြီးကို စက်တင်ဘာလ(၁၇ )ရက်မှာ ကျင်းပသွားမယ်လို့သိရပါတယ်။
ရန်ကုန်မြို့၊ အလိုတော်ပြည့်ကျောင်းတိုက်က အလိုတော်ပြည့် ဆရာတော်ကြီးရဲ့ တပည့်ရင်းဆရာတော်အသျှင်ကုမာရ ဦးဆောင်ပြီး ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံကအလှူရှင်တွေ၊ မြန်မာနိုင်ငံကအနုပညာရှင်တွေရဲ့ လှူဒါန်းမှုတွေနဲ့အတူ ပူးပေါင်းလှူဒါန်းသွားမှာဖြစ်တယ်လို့သိရပါတယ်။

အဲဒီလှူဒါန်းပွဲကို ပြည်ပနိုင်ငံမှာပြုလုပ်ရတာဖြစ်ပေမယ့် ဝိုင်းဝန်းပံ့ပို့းမှုနဲ့လှူဒါန်းမှုတွေကြောင့် အခက်အခဲမရှိဘူးလို့ ဆရာတော်အသျှင်ကုမာရကမိန့်ပါတယ်။
လက်ရှိမှာတော့ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံကအလှူရှင်တွေ၊ အနုပညာရှင်တွေရဲ့လာရောက်လှူဒါန်းမှုတွေရှိနေပြီး လှူဒါန်းပွဲအခမ်းအနားကို အနုပညာရှင်တွေကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းကြမယ်လို့သိရပါတယ်။ အခုပြုလုပ်မယ့်လှူဒါန်းမှုဟာအလိုတော်ပြည့်ဆရာတော်ကြီးကိုဦးထိပ်ထားပြီး အလိုတော်ပြည့်ဆရာတော်ကြီးနဲ့ ဆရာတော်အသျှင်ကုမာရတို့ရဲ့ ကွယ်လွန်သွားပြီးဖြစ်ကြတဲ့ ဖခမည်းတော်၊ မယ်တော်နဲ့ဆွေတော်မျိုးတော်တွေကို ရည်စူးပြီး လှူဒါန်းမှာဖြစ်တယ်လို့သိရပါတယ်။