ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊အထူးဒေသ(၄) မိုင်းလားအဖွဲ့ NDAA ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးစိုင်းလင်းဟာ ဩဂုတ်လ ၈ ရက်က ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ယောက်ဆီကနေသိရပါတယ်၊၊
ဦးစိုင်းလင်းဟာ တရုတ်နိုင်ငံက ဆေးရုံတစ်ရုံမှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး အလောင်းကို အထူးဒေသ(၄)ကို ပြန်လည်သယ်ဆောင်လာမှာဖြစ်ကာ ဈာပနအစီအစဉ်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်၊၊

ဦးစိုင်းလင်းဟာ ကိုးကန့်အဖွဲ့ MNDAA တည်ထောင်သူ ဖုန်ကြားရှင်ရဲ့သားမက်တော်စပ်သူဖြစ်ကာ ၁၉၈၉ ခုနှစ်မှာ NDAA အဖွဲ့ကို တည်ထောင်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်၊၊ NDAA ရဲ့ ဥက္ကဋ္ဌနေရာကိုတော့ ဦးစိုင်းလင်းရဲ့သား ဦးထိန်းလင်းက ဆက်ခံသွားဖို့ရှိနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။