မကွေးတိုင်းဒေသကြီးအတွင်းမှာ ၅ နှစ်တာကာလအတွင်း လေပြင်းတိုက်ခတ်မှု ဘေးအန္တရာယ် အများဆုံးဖြစ်ခဲ့တဲ့ အတွက် ပြည်သူတွေ သတိပြုနေထိုင်ကြဖို့ မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနကနေ အသိပေးထားပါတယ်။ပြုစုထားတဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ ၅ နှစ်တာကာလအတွင်း မကွေးတိုင်းဒေသကြီးအတွင်းမှာ ရေဘေး ၁၂၉ ကြိမ်၊ လေဘေး အကြိမ်ရေ ၃၉၀ ခန့်၊ ကမ်းပါးပြိုဘေး အကြိမ်ရေ ၂၄၀ ခန့် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်လို့ ပျက်စီးဆုံးရှုံးမှု လျော့နည်းဖို့အတွက် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပေးနေတဲ့ မိုးလေဝသသတင်းတွေကို ဖတ်ရှုပြီး ဘေးအန္တရာယ် စီမံ ခန့်ခွဲမှုဦးစီးဌာနက ထုတ်ပြန်တဲ့ အသိပညာပေးတာတွေကို လိုက်နာဆောင်ရွက်ဖို့ လိုတယ်လို့ မကွေးတိုင်း ဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက တိုင်းဦးစီးမှူး ဒေါ်ထွေးကြည်က ပြောပါတယ်။ မကွေး တိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနအနေနဲ့ သဘာဝဘေးအန္တရာယ်ကြုံတွေ့ရတဲ့ အိမ်ထောင် စုတွေကို ကူညီထောက်ပံ့တာတွေ ဆောင်ရွက်နေပြီး မလုံလောက်ဘူးဆိုရင်လည်း ထပ်မံ အကူအညီ တောင်းခံ နိုင်တယ်လို့ သိရပါတယ်။