နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး ပြည်နယ် ၆ ခုမှာရှိတဲ့လူမှုဖူလုံရေးအဖွဲမှာ အကျုံးဝင် မှတ်ပုံတင်ထားတဲ့ ငလျင်ဒဏ်သင့်အာမခံအလုပ်သမား ၂၇၈၅၁၅ ဦးကို လုပ်ခလစာပေါ်မူတည်ပြီး အကျိုးခံစား ခွင့် ၄၀ ရာခိုင်နှုန်း ထောက်ပံ့ပေးသွားမယ်လို အလုပ်သမားဝန်ကြီးဌာန ၊ လူမှုဖူလုံရေးအဖွဲက သိရပါတယ်။

မန္တလေးငလျင်ဘေးဒဏ်သင့်ဒေသတွေဖြစ်တဲ့ နေပြည်တော် ၊ မန္တလေး ၊ စစ်ကိုင်း ၊ ပဲခူး ၊ မကွေးတိုင်းဒေသကြီး နဲ့ ရှမ်းပြည်နယ်တိုက ငလျင်ဘေးဒဏ်သင့် အာမခံအလုပ်သမားတွေဟာ ဒီအကျိုးခံစားခွင့်ကို ရရှိမှာပါ။အဲဒီဒေသ ၆ ခုမှာ အကျုံးဝင်မှတ်ပုံတင်ထားတဲ့နိုင်ငံဝန်ထမ်းအာမခံအလုပ်သမား ၆သောင်းကျော် ရှိပြီး ပုဂ္ဂလိကဝန်ထမ်းအာမခံ အလုပ်သမား ၂သိန်းကျော် ရှိတာဖြစ်တယ်။ငလျင်ဘေးဒဏ်သင့် အာမခံအလုပ်သမားတွေကို သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ထောက်ပံ့ပေးသွားမယ်လို အလုပ်သမားဝန်ကြီးဌာန ၊ လူမှုဖူလုံရေးအဖွဲက မေလ ၆ ရက်က အမိန့်ကြေညာစာထုတ်ပြန်ခဲ့ပါတယ်။ငလျင်ဒဏ်သင့်အာမခံအလုပ်သမားတွေ ရရှိမယ့် အကျိုးခံစားခွင့်တွေကို လက်ဝယ်အရောက်ရရှိစေဖို အွန်လိုင်း Payment စနစ်နဲ့လည်း ပေးသွားဖိုစီစဉ်ထားတယ်လို သိရပါတယ်။

အကျိုးခံစားခွင့်နဲ့အကျုံးဝင်တဲ့ အာမခံအလုပ်သမားတွေအတွက် ထောက်ပံ့ငွေကို တစ်ပြေးညီ ခံစားခွင့်ရရှိစေဖို အတွက် အာမခံထားသူရဲ့ အများဆုံးလုပ်ခဝင်ငွေကို ကျပ်သုံးသိန်း သတ်မှတ်ထားတယ်လို သိရပါတယ်။ဒါကြောင့် အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းကို တွက်ချက်ရာမှာ အာမခံအလုပ်သမားရဲ့လစာဝင်ငွေ ၃၀၀,၀၀၀ ရရှိရင် ထောက်ပံ့ငွေ ကျပ် ၁၂၀,၀၀၀ ရရှိမှာဖြစ်ပြီး ကျပ် ၂၀၀,၀၀၀ ရရှိရင် ထောက်ပံ့ငွေ ကျပ် ၈၀,၀၀၀ ရရှိမှာဖြစ်တယ်လို ဆိုပါတယ်။လူမှုဖူလုံရေးအဖွဲက ကိုဗစ်ကာလအတွင်းက အကျုံးဝင်အာမခံထားရှိတဲ့အလုပ်သမားတွေကို ထောက်ပံ့ငွေ ကျပ် ၇၁ ဒသမ ၀၁၉ ဘီလီယံနဲ့ ရာဂီမုန်တိုင်းကျရောက်ချိန်က ရေဘေးသင့်ခဲ့တဲ့ အာမခံအလုပ်သမားတွေအတွက် ကျပ်သန်း ၂၆၆ ဒသမ ၂၉၇ သန်း ထောက်ပံ့ပေးခဲ့တယ်လို သိရပါတယ်။