မန္တလေးမြို၊ အောင်မြေသာစံမြိုနယ်၊ လမ်း (၆၀)၊ ၂၅ လမ်း နဲ့ ၂၆ လမ်းကြားရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ထားတဲ့ RC (၄) ထပ် အဆောက် အဦကို မေ ၃၁ ရက်၊ ညနေ ၆ နာရီလောက်က ဖြိုချစဉ် ပြိုကျခဲ့ပြီး အလုပ်သမား တစ် ယောက် သေဆုံးခဲ့တယ်လို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲက ထုတ်ပြန်ပါတယ်။

ပြိုကျမှု ဖြစ်ပွားတဲ့ နေရာကိုတော့ အောင်မြေသာစံမြိုနယ် မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲဝင်တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက် ကူညီဆောင်ရွက်ခဲ့ပါတယ်။အဆောက်အဦပြိုကျမှုကြောင့် သေဆုံးခဲ့တဲ့ အမျိုးသား တစ်ယောက် ရုပ်အလောင်း နဲ့ ထိခိုက်ဒဏ်ရာရခဲ့တဲ့ အမျိုးသား တစ်ယောက် တိုကို ညနေ ၆ နာရီ မိနစ် ၂၀ လောက်မှာ ထုတ်ယူ နိုင်ခဲ့ပြီး အဖြူရောင်နှင်းဆီ လူမှုကူညီရေးအသင်းက သူနာတင်ယာဉ်နဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးကို ကူညီပိုဆောင်ပေးခဲ့တယ်လို သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၂၈ ရက်ကလည်း မန္တလေးမြို ၊ မဟာအောင်မြေမြိုနယ်၊ ၈၄ လမ်း၊ ၃၉ လမ်း နဲ့ လမ်း ၄၀ ကြားရှိ ငလျင်ဒဏ်ထိထားတဲ့ လေးထပ် အဆောက်အဦ ထပ်မံပြိုကျခဲ့ပြီး အနီးနား ရှိ အမျိုးသား တစ်ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါ သေးတယ်။