ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂)လမ်းမကြီးနဲ့ ရန်ကုန်မြို့ပတ်လမ်းမကြီး လမ်းဆုံအနီးရှိ သုခဒဂုံပြည်သူ့အငှါးအိမ်ရာမှာ အိမ်ခန်းရမယ်ဆိုပြီး ငွေကြေးလိမ်လည်းမှုတွေ ရှိနေတာကြောင့် ပြည်သူတွေအနေနဲ့သတိပြုဖို့ သုခဒဂုံအိမ်ခန်းနေရာအငှားချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက အသိပေးကြေညာထားပါတယ်။

အဲဒီသုခဒဂုံပြည်သူ့အငှါးအိမ်ရာဟာ ပြည်သူတွေ၊နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)တွေနဲ့ လက်ရှိတာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းတွေကို မဲနှိုက်ကာ သတ်မှတ်ငှားရမ်းခနှုန်းထားနဲ့ ငှမ်းရမ်းနေထိုင်ဖို့ ခွင့်ပြုထားတာဖြစ်ပါတယ်။အခန်းကို မဲမနှိုက်ဘဲရမယ်ဆိုပြီး စာရွက်စာတမ်းအတုတွေနဲ့ online ကနေ့တစ်ဆင့် လိမ်လည်တာအပါအဝင် အခြားငွေကြေးလိမ်လည်နည်းမျိုးစုံနဲ့လိမ်လည်နေတာတွေရှိနေတယ်လို့ သုခဒဂုံပြည်သူ့အငှါးအိမ်ရာ မှာ နေထိုင်တဲ့ ပြည်သူတစ်ယောက်က ပြောပါတယ်။

သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဆောက်လုပ်ပြီးစီးတဲ့ အခန်းတွေကို အများပြည်သူတွေ၊အငြိမ်းစားဝန်ထမ်းနဲ့ လက်ရှိ ဝန်ထမ်းတွေကို မဲနှိုက်ကာ (၅)နှစ်ငှါးရမ်းနေထိုင်ခွင့်တွေ ချထားပေးပြီးဖြစ်သလို ဆက်လက်ပြီးလည်း ဆောက်လုပ်ဆဲတိုက်ခန်းတွေကို ပြီးစီးမှုအလိုက် မဲနှိုက်နေရာချထားပေးဖို့လျာထားပြီး ဖြစ်တယ်လို့ သိရပါတယ်။