မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ (၁)ရပ်ကွက်၊ ရုံးညောင်ပင် စက်လှေဆိပ်နဲ့ ဧရာဝတီမြစ်ရေချိုးဆိပ်မှာ ဇန်နဝါရီ ၁၉ ရက်၊ နေ့လယ်ပိုင်းက အသက် ၁၃ နှစ်အရွယ် Grade-6 ကျောင်းသားတစ်ယောက်ဟာ ရေငုပ်ပြရာ ကနေ ရေနစ်သေဆုံးခဲ့တယ်လို့ ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

အဲဒီ ကျောင်းသားဟာ သူရဲ့ သူငယ်ချင်းနှစ်ယောက်နဲ့အတူ ရေဆင်းချိုးရင်း ရေငုပ်ပြမယ်လို့ ပြောပြီး ရေငုပ်ပြရာ ကနေ ရေနစ်ပျောက်ဆုံးခဲ့တာလို့ ဆိုပါတယ်။ရေနစ်ပျောက်ဆုံးခဲ့တဲ့ ကျောင်းသားကို မီးသတ်တပ်ဖွဲ့၊ ကျွမ်းကျင်ရေငုပ်သမားတွေ၊ စက်လှေသမားတွေနဲ့ဒေသခံ ပြည်သူတွေ ပူးပေါင်းပြီး စက်လှေနှစ်စင်းနဲ့ ပိုက်ကွန်တိုက်ရှာဖွေတာ၊ ရေငုပ်ရှာဖွေတာတွေ ဆောင်ရွက်ခဲ့ရာ အဲဒီနေ့ ညနေပိုင်းမှာ ရုပ်အလောင်းကို ပြန်လည်ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

သေဆုံးရုပ်အလောင်းကို ညောင်ဦးမြို့၊ ဂရုဏာရှင် နာရေးအခမဲ့ကူညီမှုအသင်းပိုင်ယာဉ်နဲ့ ခုတင် ၂၀၀ ဆံ့ ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင် ပေးခဲ့တယ်လို့ ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။