ငလျင်ကြီးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးမြိုက Golden Cityဟိုတယ်မှာ ရှင်းလင်းရေးဆောင်ရွက်နေချိန် ဧပြီ၂၇ရက်က အမျိုးသမီးတစ်ဦးရဲ့ရုပ်အလောင်းကို ထုတ်ယူရရှိခဲ့ပြီး သေဆုံးသူနဲ့အတူတွေ့ရတဲ့ ရွှေနဲ့ငွေသားတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေဆီကို လွှပြောင်းပေးအပ်ခဲ့တယ်လို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲက ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲဝင်တွေကမန္တလေးမြို၊ ချမ်းအေးသာစံမြိုနယ်၊ လမ်း၃၀၊ ၇၀×၇၁လမ်းကြားရှိ Golden City Hotelမှာ ရှင်းလင်းရေးနဲ့ကျန်ရှိတဲ့ရုပ်အလောင်းထုတ်ယူရေးဆောင်ရွက်ရာမှာ ဧပြီ၂၇ရက်က အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်းကို ထပ်မံထုတ်ယူနိုင်ခဲ့တယ်လိုဆိုပါတယ်။ရုပ်အလောင်းထုတ်ယူချိန်မှာ သေဆုံးသူနဲ့အတူတွေ့ရတဲ့ ငွေကျပ်၂၂သိန်း၁သောင်း၃ထောင်၊ ရွှေနားဆွဲတစ်ရံနဲ့ ရွှေဆွဲကြိုးတစ်ကုံးတိုကို တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေဆီကို လွှပြောင်းအပ်နှံခဲ့တယ်လို သိရပါတယ်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲဝင်တွေအနေနဲ့ ငလျင်ဒဏ်သင့်ဒေသတွေမှာ ရှာဖွေကယ်ဆယ်ရေးနဲ့ ရှင်းလင်းရေးဆောင်ရွက်ချိန် တွေ့ရှိရတဲ့ လက်ဝတ်ရတနာတွေ၊ ငွေသားတွေ၊ အဖိုးတန်အသုံးအဆောင်ပစ္စည်းတွေ၊ အရေးကြီးစာရွက်စာတမ်းတွေကို ပိုင်ရှင်တွေ၊ သက်ဆိုင်သူတွေကို စနစ်တကျ ပြန်လည်လွှပြောင်းအပ်နှံပေးနေတာဖြစ်ပါတယ်။