မွန်ပြည်နယ်၊ ဘီးလင်းမြိုနယ်က ရင်ချင်းဆက်အမြွှာ မွေးဖွားတဲ့ မိခင်ကို မွန်ပြည်နယ် အစိုးရအဖွဲက ချီးမြှင့်ငွေ ကျပ် သိန်း (၁၀၀) ပေးအပ် ခဲ့တယ်လို ထုတ်ပြန်ပါတယ်။ဘီးလင်းမြိုနယ်၊ ပိုင်ဒဝယ်ကျေးရွာမှာ နေထိုင်တဲ့ နော်ချောဂေ ဆိုသူအမျိုးသမီးရဲ့ (၅) ကြိမ်မြောက် ကိုယ်ဝန်မှာ ရင်ချင်းဆက် အမြွှာညီအစ်မကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

အခုလို ရင်ချင်းဆက် အမြွှာမွေးဖွားခဲ့တဲ့ မိခင်ဖြစ်သူ နော်ချောဂေထံ မွန်ပြည်နယ်အစိုးရအဖွဲက ချီးမြှင့်တဲ့ ကျပ်သိန်း (၁၀၀) ကိုတော့ ဇူလိုင် ၁၁ ရက်၊ မွန်းလွဲပိုင်းက ဘီးလင်းမြိုနယ် ပြည်သူ့ဆေးရုံ သားဖွားမီးယပ်ဆောင်မှာ ပေးအပ် ခဲ့တာလို ထုတ်ပြန်ထားပါတယ်။လက်ရှိမှာတော့ ရင်ချင်းဆက် အမြွှာညီအစ်မကို လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ခံယူနိုင်ဖိုအတွက် ရန်ကုန် မြို၊ ဟယ်လ်ပင်လမ်းက ကလေးဆေးရုံကြီးမှာ ရောက်ရှိနေပြီး မိခင်ရော ကလေးတွေပါ ကျန်းမာ ရေး ကောင်းမွန်တယ်လို ဆိုပါတယ်။

ရင်ချင်းဆက် အမြွှာညီအစ်မကိုတော့ ဘီးလင်းမြိုနယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ မျိုးမင်းနဲ့ သူနာပြု ဆရာ၊ ဆရာမတွေက အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့တာ ဖြစ်တယ်လို ဘီးလင်းမြိုနယ် ပြည်သူ့ဆေးရုံကလည်း ထုတ်ပြန် ထားပါတယ်။ဝန်ထမ်းအင်အား နည်းပါးလှတဲ့ နယ်မြိုလေးက ဆေးရုံမှာ အခုအကြိမ်နဲ့ဆိုရင် ရင်ချင်းဆက် မိန်းကလေးအမြွှာ မွေးဖွားပေးနိုင်ခဲ့တာ နှစ်ကြိမ်ရှိပြီ ဖြစ်ပြီး ပထမအကြိမ်ကတော့ ၁၉၉၂ ခုနှစ်က အေးအေးငြိမ်း နဲ့ အိအိငြိမ်း ရင်ချင်းဆက် အမြွှာညီအစ်မ ဖြစ်ပါတယ်။