မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်း၊ မိုင်တိုင် ၁၄ မိုင်၊ ၃ ဖာလုံနဲ့ ၄ ဖာလုံကြားမှာ ဇွန် ၂ ရက် ၊ မနက်အစောပိုင်း ၃ နာရီခွဲလောက်က ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ လူ ၆ ယောက် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာ နေရာကို မိတ္ထီလာခရိုင် မီးသတ်စခန်းက Rescue & Towing ပိုလန် ရှာဖွေ ကယ်ဆယ်ရေးယာဉ် (၁)စီး၊ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ သူနာတင်ယာဉ် (၁)စီးနဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ခဲ့ကြပါတယ်။ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူ (၆)ယောက်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ (၁၁)ယောက်တို့ကို ကြက်ခြေနီ သူနာ တင်ယာဉ်၊ ပြည်သာယာ(တောင်) လူမှုကူညီရေးအသင်းက သူနာတင်ယာဉ်တွေနဲ့ မိတ္ထီလာပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။ပြီးခဲ့တဲ့ မေ ၂၆ ရက်ကလည်း မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်မှာ မြင်းခြံ- ရန်ကုန် ခရီးသည်တင်ယာဥ် တစ်စီးဟာ ချောင်းရေလျှံနေတဲ့ ဆင်တဲဝချောင်းထဲ ဖြတ်သန်းရင်း မျောပါသွားရာ ပြည်သူတွေက စုပေါင်း ကယ်ဆယ်ခဲ့ကြလို့ ကားပေါ်ပါလာသူတွေအားလုံး အသေအပျောက် မရှိခဲ့ဘူးလို့ သိရပါတယ်။