ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြိုနယ်၊ လင်းလွန်းတောင်ရပ်ကွက်၊ ရွှေလောင်းလမ်းထဲက တိုက်ခန်းတစ်ခန်း ထဲမှာ မီးစက်က ထွက်တဲ့ မီးခိုးငွေ့ ရှူရှိက်မိရာကနေ မိသားစုဝင် လေးယောက် သေဆုံးနေမှု ဖြစ်ပွားခဲ့တယ်လို အခင်းဖြစ်နေရာအနီး နေထိုင်သူတွေက ပြောပါတယ်။

အခင်းဖြစ်နေရာကနေ မေလ ၁ ရက်၊ မနက်ပိုင်းမှာ ဘေးပတ်ဝန်းကျင်ကို အပုပ်နံ့ ထွက်လာတာကြောင့် သက်ဆိုင် ရာကို အကြောင်းကြားရာကနေ မိသားစုဝင် လေးယောက် သေဆုံးနေတာကို သိရှိရတာ ဖြစ်တယ်လို ဆိုပါတယ်။သေဆုံးသူတွေကတော့ အသက် ၃၀ နှစ်အရွယ် ဖခင်၊ အသက် ၂၅ နှစ်အရွယ် မိခင်၊ အသက် (၈) နှစ်အရွယ် သား ဖြစ်သူနဲ့ မိခင်ဖြစ်သူရဲ့ အသက် ၁၆ နှစ်အရွယ် ညီမဖြစ်သူတို ဖြစ်ပြီး အိမ်မှာ မွေးထားတဲ့ ခွေးတစ်ကောင်လည်း သေဆုံးနေတယ်လို အခင်းဖြစ်အနီးမှာ နေထိုင်သူ အမျိုးသားတစ်ယောက်က ပြောပါတယ်။

သေဆုံးသူတွေဟာ မီးမလာတဲ့အတွက် တိုက်နောက်ဖေးခန်းထဲမှာ မီးစက်ဖွင့်ပြီး အဲကွန်းသုံးရာကနေ မီးခိုးမွှန်ပြီး သေဆုံးတာ ဖြစ်နိုင်တယ်လို ဆိုပါတယ်။ အဲဒီမိသားစုဟာ စမ်းချောင်းဒေသခံတွေ မဟုတ်ဘဲ အခြားနေရာကနေ ပြောင်းရွှေ့နေထိုင်သူတွေ ဖြစ်တယ်လိုလည်း အခင်းဖြစ်နေရာအနီး နေထိုင်သူတွေက ပြောပါတယ်။ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပိုဆောင်ထားပြီး သက်ဆိုင်ရာ စမ်းချောင်း မြိုမရဲစခန်းမှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို သိရပါတယ်။ ဓာတ်ပုံ-CJ