စမတ်ကတ်ပြုလုပ်ပေးနေတာကို ဇူလိုင်(၄)ရက်ကစပြီး ယာယီရပ်ဆိုင်းထားတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ဒီလိုရပ်ဆိုင်းထားတာက e-ID စနစ်ဆိုင်ရာလုပ်ငန်းတွေ အဆင့်မြှင့်တင်ဖို့နဲ့ ဝန်ဆောင်မှုအရည်အသွေးတွေ ပိုပြီး တိုးတက်ကောင်းမွန်စေဖို့အတွက် ဆာဗာထိန်းသိမ်းတဲ့လုပ်ငန်းတွေကို လုပ်ဆောင်သွားမှာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလို အဆင့်မြှင့်တင်လုပ်ငန်းတွေ ဆောင်ရွက်နေစဉ်ကာလအတွင်း မြို့နယ်ရုံးတွေမှာ UID နံပါတ်ရယူတာ (အရပ်အခေါ် စမတ်ကတ် ပြုလုပ်တာ)၊ အွန်လိုင်းကနေ ကိုယ်ရေး အချက်အလက် တိုက်ဆိုင် စစ်ဆေးတာ စတဲ့ လုပ်ငန်းတွေကိုလည်း ယာယီ ရပ်ဆိုင်းထားမယ်လို့ သိရပါတယ်။အဲဒါကြောင့် e-ID ဆိုင်ရာ လုပ်ငန်းတွေ အမြန်ဆုံးပြန်လည် အသုံးပြုနိုင်ဖို့အတွက် အမြန်ဆောင်ရွက်သွားမှာ ဖြစ် ပြီး ပြန်လည်အသုံးပြုနိုင်မဲ့ အချိန်ကို ထပ်မံကြေညာသွားမှာ ဖြစ်တယ်လို့ အသိပေးကြေညာထားပါတယ်။