အငြိမ်းစားဝန်ထမ်းတွေအနေနဲ့ Centralized e-Pension စနစ် ဆောင်ရွက်နေတဲ့ မြန်မာ့စီးပွားရေးဘဏ်ခွဲ ၁၆၅ ခု မှာ ပင်စင်လစာတွေကို ဝန်ဆောင်ခ အခမဲ့နဲ့ ထုတ်ယူနိုင်တော့မယ်လို့ မြန်မာ့စီးပွားရေးဘဏ်က ထုတ်ပြန်ပါ တယ်။ Centralized e-Pension စနစ်ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလက စတင်ကာ အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး အခုဆိုရင် ဘဏ်ခွဲပေါင်း ၁၆၀ ကျော်အထိ ရှိလာတာပါ။

Centralized e-Pension စနစ် ဆောင်ရွက်နေတဲ့ဘဏ်ခွဲတွေမှာ ထုတ်ယူနေတဲ့ ပင်စင်စားတွေအနေနဲ့ ဘဏ်ခွဲ(၂) ရန်ကုန်မှာ ပင်စင်ထုတ်ယူချင်တာ ဒါမှမဟုတ် အခြားဘဏ်တစ်ခုခုမှာ ပင်စင်ထုတ်ယူလိုတာ ဆိုရင် e-Pension ကတ်ပြားကို တင်ပြပြီး ကိုယ်တိုင်ဖြစ်စေ ကိုယ်စားလှယ်နဲ့ဖြစ်စေ ထုတ်ယူနိုင်တယ်လို့ သိရပါတယ်။ဒီ Centralized e-Pension စနစ်မှာ ကိုယ်စားလှယ်နဲ့ ထုတ်ယူလိုသူတွေဟာ ကိုယ်စားလှယ် (၃) ယောက်အထိ အမည်စာရင်း တင်သွင်းနိုင်တယ်လို့ သိရပါတယ်။

အရင်က နယ်ဒေသတွေမှာရှိတဲ့ ပင်စင်လစာထုတ်မယ့် အငြိမ်းစားဝန်ထမ်းတွေဟာ ရန်ကုန်မှာပဲ လာထုတ်ကြရပြီး ဒီစနစ်ကို ဖော်ဆောင်လိုက်ချိန်မှာတော့ အနီးဆုံး မြန်မာ့စီးပွားရေးဘဏ်ခွဲတွေကနေ ထုတ်ယူလို့ရတာဖြစ်တယ်လို့ အငြိမ်းစား ဝန်ထမ်းတစ်ယောက်က ပြောပါတယ်။လက်ရှိမျာအငြိမ်းစားဝန်ထမ်းတွေအနေနဲ့ ဘဏ်ကိုကိုယ်တိုင်သွားထုတ်တာ ဒါမှမဟုတ် ကိုယ်စားလှယ်နဲ့ ထုတ်ယူ တဲ့ နည်းလမ်း၊ မိုဘိုင်းဖုန်းအသုံးပြုထုတ်ယူတဲ့နည်းလမ်းနဲ့ ငွေစုဘဏ်စာရင်း စာရင်းရှင် ATM စာရင်းကို ပြောင်းလဲ ထည့်သွင်းထုတ်ယူတဲ့ နည်းလမ်းတွေနဲ့ ပင်စင်ထုတ်ယူနေကြတယ်လို့ သိရပါတယ်။