ရန်ကုန်တက္ကသိုလ်သင်္ချာမိသားစုရဲ့(၂၇)ကြိမ်မြောက် သက်ကြီးအာစရိယပူဇော်ပွဲကို ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်တယ်လို့ ရန်ကုန်တက္ကသိုလ်သင်္ချာဌာနက ဌာနမှူး ပါမောက္ခဒေါက်တာအောင်ကျော်က One News ကို ပြောပါတယ်၊၊

အာစရိယပူဇော်ပွဲကိုတော့ ဇန်နဝါရီလ ၁၉ ရက် မနက် ၉ နာရီကနေ နေ့လယ် ၁၂ နာရီအထိ ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာ(RC)မှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်၊၊အခုလို နှစ်စဉ်နှစ်တိုင်း အစဉ်အလာမပျက် ဆရာ/ဆရာမကြီးတွေကို ကန်တော့ရတဲ့အတွက် အရမ်းဝမ်းသာပီတိ ဖြစ်ရပြီး လာရောက်ကန်တော့မယ့် ကျောင်းသား၊ ကျောင်းသားသူတွေအနေနဲ့ တက်ရောက်ဖြစ်အောင် တက်ရောက် ပေးစေချင်တယ်လို့ ရန်ကုန်တက္ကသိုလ်သင်္ချာဌာနက ဌာနမှူး ပါမောက္ခဒေါက်တာအောင်ကျော်က ပြောပါတယ်၊၊

အခုကျင်းပမယ့် သက်ကြီးအာစရိယပူဇော်ပွဲမှာတော့ အသက် ၆၃ နှစ်ကနေ အသက် ၉၃ နှစ်အထိ ဆရာ၊ ဆရာမ ကြီး ၂၂၅ ယောက်ကို ကန်တော့သွားမှာဖြစ်တယ်လို့ သိရပါတယ်။