မြန်မာ-ရုရှား သံတမန် ဆက်ဆံရေး (၇၅)နှစ်မြောက် အထိမ်းအမှတ်အဖြစ် မြန်မာက ရှရှားကို ဆင်လိမ္မာ ၆ ကောင် လက်ဆောင်ပေးခဲ့တယ်လို့ ရှရှားနိုင်ငံပိုင် မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အဲဒီ ဆင် ၆ ကောင်ကို မော်စကိုမြို့အခြေစိုက် ရုရှားဆပ်ကပ်အဖွဲ့ ဂရိတ်မော်စကိုအဖွဲ့ကို ဇန်နဝါရီ ၁၀ ရက်က ပေးခဲ့တာလို့ ဆိုပါတယ်။ အဲဒီ ဆင်တွေဟာ ဆင်ထိန်းသိမ်းရေးစခန်းတွေမှာ မွေးဖွားခဲ့တာဖြစ်ပြီး အသက် ၃ နှစ်ကနေ ၅ နှစ် အရွယ်ရှိတယ်လို့ ရုရှားနိုင်ငံပိုင် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ မာရီယာ ဆာခါရိုဗာက အခုလို ဆင်တွေ လက်ဆောင်ပေးတဲ့အပေါ် မြန်မာကို ကျေးဇူးတင်ကြောင်း ပြောခဲ့ သလို ဆပ်ကပ်အဖွဲ့ကို ရောက်လာတဲ့ ဆင်တွေကို အစာကျွေးတဲ့ပုံတွေကိုလည်း ရုရှားမီဒီယာတွေမှာ ဖော်ပြထား ပါတယ်။ မြန်မာဟာ ရုရှား-မြန်မာ သံတမန်ဆက်ဆံရေး နှစ် (၇၀)ပြည့်တုန်းကလည်း ရုရှားကို ဆင်လိမ္မာ ၃ ကောင် လက်ဆောင် ပေးခဲ့ဖူးပါတယ်။