ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် မြန်မာ့သင်္ကြန်ပွဲတော်ကို ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ဆက်လက် ထိန်းသိမ်းဖို့ အစိုးရရော ပြည်သူတစ်ရပ်လုံးမှာ တာဝန်ရှိတယ်လို့ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်က ပြောပါတယ်။

မြန်မာ့သင်္ကြန်ဟာ သမိုင်းအစဉ်အလာကြီးမှု၊ ခိုင်မာမှု၊ စစ်မှန်မှု၊ စုပေါင်းဆောင်ရွက်မှု၊ ချစ်ခင်ရင်းနှီးမှု၊ တန်ဖိုးထား မြတ်နိုးမှု၊ အရွယ်မရွေး ကျား/မ မရွေး တိုင်းရင်းသားပေါင်းစုံ ပါဝင်ဆင်နွှဲမှု၊ မေတ္တာစေတနာထားမှု၊ စတုဒိသာ အလှူ ကုသိုလ်ကောင်းမှု စတဲ့ ဝိသေသတွေနဲ့ ပြည့်စုံတဲ့ ပွဲတော်ဖြစ်တာကြောင့် ကမ္ဘာ့အမွေအနှစ်အဖြစ် သတ် မှတ်ခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ့သင်္ကြန်ပွဲတော်ဟာ ယူနက်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းမှာ သတ်မှတ်ခံရတာဟာ တစ်နိုင်ငံ လုံးရဲ့ ပူးပေါင်းပါဝင်မှုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံအနေနဲ့ အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် နှစ်ထောင့် နှစ်ရာကျော် စာရင်းပြုစုထားပြီး ကမ္ဘာ့ယဉ်ကျေးမှု စာရင်းတင်သွင်းနိုင်ဖို့ ဆက်လက်ကြိုးစားသွားမယ်လို့ ဒေါ်စန္ဒာခင်က ပြောကြားခဲ့ပါတယ်။