ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ YBS ယာဉ်တွေ မတော်တဆဖြစ်ပွားမှုတွေကြောင့် အခုနှစ်အတွင်း သေဆုံးသူ စုစုပေါင်း ၃၆ ယောက်ရှိတယ်လို့ YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောပါတယ်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၁၅ ရက်အထိ YBS ယာဉ်မတော်တဆမှု အကြိမ် ၇ဝ ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၃၆ ယောက်၊ ထိခိုက်ဒဏ်ရာရသူ ၁၃၆ ယောက် ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ဒါ့အပြင် YBSယာဉ်တွေ စည်းကမ်းဖောက်ဖျက်လို့ တိုင်ကြားတဲ့အမှုပေါင်း ၅၀၀၀၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။

အခုလို စည်ကမ်းဖောက်ဖျက်တဲ့ ယာဉ်မောင်းတွေကို အသိပညာပေးတာတွေ ဆောင်ရွက်နေသလို ထပ်မံဖောက်ဖျက်ရင် YBSယာဉ်မောင်းခွင့်မရအောင် အရေးယူဆောင်ရွက်တာတွေရှိတယ်လို့လည်း ဦးလျန်ကျင့်မန်က ပြော ပါတယ်။