ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်မှာ ဇွန်လ ၁၈ ရက်က ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါး Happy Water ၉ ဒသမ ၆ ကီလို ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့က ဇွန်လ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဇွန်လ ၁၈ ရက် ည ၁၀ နာရီအချိန်လောက်က ကျိုင်းတုံမြို့နယ်၊ ဝမ်တာပုံကျေးရွာအနီးမှာ TOYOTA WISH ခရီးသည်တင် မော် တော်ယာဉ်ကို သတင်းအရ ရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုရှာဖွေရာမှာ ယာဉ်ပေါ်ပါခရီးသည်တစ်ယောက် သယ်ဆောင်လာတဲ့ ပလတ်စတစ်ပုံးအတွင်းကနေ ကာလ တန်ဖိုးငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water ၉ ဒသမ ၆ ကီလို သိမ်းဆည်း ရမိခဲ့ တယ်လို့ ဆိုပါတယ်။
အဲဒီသိမ်းဆည်းရမိတဲ့ စိတ်ပြောင်းဆေးဝါးတွေ သယ်ဆောင်ရာမှာပါဝင်သူနဲ့ ပူးပေါင်း ပါဝင် သူ ၂ ယောက်ကို ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်စစ်ဆေး ဖော်ထုတ် နေတယ်လို့ သိရပါတယ်။