မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့က ဖုန်းဆိုင်တစ်ဆိုင်မှာ ဇွန်လ ၁၃ ရက် မနက်အစောပိုင်းက ညစောင့်ဝန်ထမ်း တစ်ယောက် အသတ်ခံခဲ့ရတယ်လို့ မင်းဘူးမြို့မရဲစခန်းကနေ သိရပါတယ်။
မင်းဘူးမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ သွားရောက်စစ်ဆေးရာမှာတော့ အသက် (၆၁)နှစ်အရွယ် ညစောင့်ဝန်ထမ်းဟာ သော့ခတ်ထားတဲ့ဆိုင်ရှေ့အပြင်ဘက် အမိုးအောက်မှာ နဖူးကို ကွန်ကရစ် တုံးနဲ့ ထုသတ်ခံရတဲ့ ဒဏ်ရာနဲ့ လဲကျသေဆုံးနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
သေဆုံးသူကို ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းကမော်တော်ယာဉ်နဲ့ မင်းဘူးပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ဖြစ်စဉ်နဲ့ပတ်သက်လို့ မင်းဘူးမြို့မရဲစခန်းမှာ အမှုဖွင့်ထားကာ တရားခံဖမ်းမိရေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။