ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြိုနယ်၊ အင်းတကော်မြို၊ ရပ်ကွက်ကြီး(၅)၊ နိုင်သာယာကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)မှာ မူလတန်းပြဆရာတစ်ယောက်က ကျောင်းသားကျောင်းသူတချိုကို မူလတန်းပြဆရာတစ်ယောက်က ၃နှစ်နီးပါး လိင်အမြတ်ထုတ်မှုကျူးလွန်ခဲ့တယ်လို ကျောင်းသားမိဘတချိုက One Newsကို ပြောပါတယ်။ကျူးလွန်သူ ကျောင်းဆရာဟာ ကျောင်းသားကျောင်းသူတွေကို ကျောင်းဖွင့်ရက် ညနေစာသင်ချိန်နဲ့ ကျောင်းဆင်းပြီးချိန်တွေမှာ ကလေးငယ်တချိုကိုသူရဲ့နားနေခန်းကိုခေါ်ပြီး ခြိမ်းခြောက်ကာ လိင်အမြတ်ထုတ်တာတွေပြုလုပ်ခဲ့တာ ၃ နှစ်နီးပါးရှိခဲ့တယ်လို ကျောင်းသားမိဘတစ်ယောက်ရဲ့ ပြောကြားချက်အရ သိရပါတယ်။

အဲဒီကျောင်းဆရာဟာ G-5 အတန်းပိုင်ဆရာဖြစ်တယ်လိုသိရပြီး ခြိမ်းခြောက်လိင်အမြတ်ထုတ်ခံရတဲ့ ကျောင်းသားကျောင်းသူတွေဟာ G-5 ကနေ G-8 အထိ ကျောင်းသားကျောင်းသူတွေ ပါဝင်တယ်လိုဆိုပါတယ်။အခုလိုဖြစ်နေတာတွေကို သိရှိပြီး မခံမရပ်နိုင်ဖြစ်တဲ့ အတန်းကြီး ကျောင်းသားတွေက ဖေဖော်ဝါရီ၁၇ရက်မှာ ကျူးလွန်ခံရတဲ့ကျောင်းသားမိဘတွေနဲ့ ကျောင်းအုပ်ဆရာမကြီးကို အသိပေးတိုင်ကြားခဲ့တာဖြစ်တယ်လို ပြောပါတယ်။အဲဒီဖြစ်စဉ်ကို သိရှိတဲ့အချိန်မှာ ကျောင်းသားမိတွေအနေနဲ့ ကျောင်းအုပ်ဆရာမကြီးအပါအဝင်သက်ဆိုင်ရာ မြိုနယ်အုပ်ချုပ်ရေးအဖွဲကိုအဆင့်ဆင့်သတင်းပိုပြီး အမှုဖွင့်ဖိုတိုင်ပင်ခဲ့ပေမယ့် ကလေးတွေနဲ့ ကျောင်း၊ ရွာရဲ့ ဂုဏ်သိက္ခာအရ ဖြစ်ပွားတဲ့အမှုအပေါ် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ဖိုညှိနှိင်းခဲ့ကြတယ်လို သိရပါတယ်။
အဲဒီကျောင်းဆရာဟာ လက်ရှိကျောင်းမှာ တာဝန်ထမ်းဆောင်နေတာ ၈ နှစ်ကျော်ခန့်ရှိပြီး ဒီဖြစ်စဉ် ပေါ်ပေါက်ပြီးနောက် သူ့ရဲ့ဇာတိဖြစ်တဲ့ ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြိုနယ်၊ ဘုရားငုတ်တိုအုပ်စု၊ ရှမ်းကုန်းကျေးရွာကိုပြန်သွားတယ်လိုလည်း သိရပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလကလည်း ပဲခူးမြိုနယ်၊ မုက္ကလကျေးရွာကစာသင်ကျောင်းမှာ ပထမတန်းကျောင်းသားကလေးငယ်အပါအဝင် မူလတန်းကနေ အလယ်တန်းကျောင်းသားတွေကို လိင်တူအဓမ္မပြုကျင့်ခဲ့တဲ့အသက် ၂၉ နှစ်အရွယ် ကျောင်းဆရာတစ်ယောက်ကို ဖမ်းဆီးအရေးယူခဲ့ရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။