မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်မှာ ငွေကျပ် ၁ ဒသမ ၈ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ သိန်း ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ သိရပါတယ်။ဧပြီ ၂၉ ရက် ညနေ ၈ နာရီ အချိန်လောက်က မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာ အနီး မှာ အောင်ပန်းကနေ ရန်ကုန်ကို တင့်ဇော်လင်း(ခ)တင့်ဇော် မောင်းနှင်ပြီး မဇာနည်လင်း လိုက်ပါလာတဲ့ ၆ ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ တန်ဖိုး ငွေကျပ် ၁ ဒသမ ၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ သိန်းကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် စိတ်ကြွဆေးပြားတွေ တင်ဆောင်ပေးသူ ရဲသွေးအောင်(ခ)ဖိုးလပြည့်ကို အောင်ပန်းမြို့ ဗိုလ်ချုပ်ကွင်းရှိ ကုန်စည်ပို့ဆောင်ရေးဂိတ်မှာ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်တွေအရ ဖမ်းဆီးရမိခဲ့တဲ့ စိတ်ကြွ ဆေးပြားတွေကို ရှမ်းပြည်နယ်ကနေ ရန်ကုန်တိုင်းဒေသကြီးကို သယ်ဆောင်ရောင်းဝယ်မှာ ဖြစ်တယ်လို့ ဆိုပါ တယ်။ ဖမ်းဆီးရမိသူတွေကိုတော့ ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူတွေကိုလည်း ဆက်လက် ဖော်ထုတ်နေတယ်လို့ သိရပါတယ်၊၊