မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်မှာ ကျပ်သိန်း ၉၄၀၀ ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့ တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁၈ ရက် နေ့လယ်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာသွား တောလမ်းမှာ အမျိုးသားတစ်ယောက်မောင်းနှင်လာတဲ့ ဟိုက်ဂျက် မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေခဲ့ရာ ယာဉ်ပေါ်ကနေ ကျပ်သိန်း ၉၄၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါးတွေဖြစ်တဲ့ Happy Water တွေ၊ ကက်တမင်းတွေ၊ စိတ်ကြွရူးသွပ်ဆေးပြားတွေနဲ့ ဘိန်းဆီခဲတွေ သိမ်းဆည်းရမိခဲ့တာလို့ ဆိုပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးတွေကို သယ်ဆောင်ခိုင်းတဲ့ အမျိုးသားနှစ်ယောက်ကိုလည်း သာစည် မြို့နယ်၊ ဘုရားငါးဆူလမ်းဆုံအနီးမှာ မော်တော်ဆိုင်ကယ်တစ်စီးနဲ့အတူ ဆက်လက် ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီး ရမိတဲ့ အမျိုးသားလေးယောက်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူတွေကို ဆက်လက်စစ်ဆေး ဖော်ထုတ်နေတယ်လို့ သိရပါတယ်၊၊