ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ မြန်မာပလာဇာက ကားပါကင်မှာ ဩဂုတ် ၅ ရက်၊ ညနေပိုင်းက အမျိုးသမီးကြီး တစ်ယောက် ဓားနဲ့ထိုးခံရပြီး သေဆုံးခဲ့တယ်လို့ သေဆုံးသူရဲ့ မိသားစုဝင်တွေဆီက သိရပါတယ်။မြန်မာပလာဇာရှိ မြေအောက်ထပ် ကားပါကင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူ အသက် ၅၉ နှစ်အရွယ် အမျိုးသမီးကြီးကို အမျိုးသားနှစ်ယောက်က ဓားနဲ့ထိုးသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခင်းဖြစ်စဉ်မှာ ဓားနဲ့ထိုးခံရတဲ့ အမျိုးသမီးကြီးကို လုံခြုံရေးဝန်ထမ်းတွေက တွေ့ရှိတဲ့အတွက် ဆေးကုသဖို့ လူနာတင်ကားနဲ့ ဆေးရုံကို ပို့ဆောင်စဉ် ရရှိထားတဲ့ ဒဏ်ရာတွေနဲ့ သွေးထွက်လွန်ပြီး သေဆုံးခဲ့တာ ဖြစ်တယ်လို့ မိသားစုဝင်တစ်ယောက်က ပြောပါတယ်။လက်ရှိမှာတော့ ကျူးလွန်သူတွေကို ဖမ်းမိနိုင်ဖို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က အမှုဖွင့် စုံစမ်းစစ်ဆေးတာတွေ ပြုလုပ် နေတယ်လို့ ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့ကနေ သိရပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အသေးစိတ်အခြေအနေ တွေကို ဆက်လက်စုံစမ်းနေပြီး ထပ်မံသိရှိရရင် ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။