စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ ပြန်ပေးဆွဲခေါ်ဆောင်ခံရတဲ့ အသက်လေးနှစ်အရွယ် ကလေးငယ်ကို ပြန်လည် တွေ့ရှိခဲ့တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်၊ ၃၂ လမ်းမှာ နေထိုင်တဲ့ အသက်လေးနှစ်အရွယ် ကလေးငယ်ကို ဩဂုတ် ၁၅ ရက်၊ မနက်ပိုင်းက အဖွဲ့တစ်ဖွဲ့က ပြန်ပေးဆွဲခေါ်ဆောင်သွားခဲ့တာပါ။

အဲဒီနောက် ပြန်ပေးဆွဲ ခေါ်ဆောင်သွားသူတွေက ကျပ်သိန်း ၅၀၀ နဲ့ ပြန်ရွေးဖို့ ဆက်သွယ်တဲ့အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ကလေးငယ်ကို ပြန်လည်ကယ်တင်နိုင်ဖို့ နဲ့ ပြစ်မှုကျူးလွန်သူကို ဖမ်းမိနိုင်ဖို့ စုံစမ်းစစ်ဆေးခဲ့ပါ တယ်။ဩဂုတ် ၁၆ ရက်၊ ညပိုင်းမှာတော့ ပြန်ပေးဆွဲခေါ်ဆောင်သွားတဲ့ ကလေးငယ်ကို စက်မှုဇုန်ရပ်ကွက်၊ သမ္မစိတ္တ လမ်း၊ ရွာထောင်တောရ ဘုန်းကြီးကျောင်းအနီးမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြန်လည်တွေ့ရှိတဲ့အတွက် မိဘတွေဆီ ပြန်လည်အပ်နှံခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။လက်ရှိမှာတော့ ပြစ်မှုကျူးလွန်တဲ့ ပြန်ပေးဆွဲသူတွေကို ဖမ်းမိနိုင်ဖို့နဲ့ ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ဖို့ လုံ ခြုံရေးတပ်ဖွဲ့ဝင်တွေက ဆက်လက် စုံစမ်းစစ်ဆေးနေတယ်လို့လည်း သိရပါတယ်။