မန္တလေးမြို့ ရွှေအိုးရ စေတီအတွင်းရှိ ရှေးဟောင်းလျောင်းတော်မူ ဘုရားဆင်းတုတော် ခိုးယူသူ အမျိုးသား လေး ယောက်ကို ဖေဖော်ဝါရီ ၂၀ ရက်၊ မနက်ပိုင်းက ဖမ်းမိပြီဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါ တယ်။ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအရှေ့ရပ်ကွက်၊ (၈၂)လမ်း၊ (၃၇)လမ်းနဲ့ (၃၈)လမ်းကြားရှိ ရွှေအိုးရ စေတီအတွင်းက လျောင်းတော်မူ ကျောက်သားဆင်းတုတော်တစ်ဆူဟာ ဖေဖော်ဝါရီ ၁၈ ရက်က ခိုးယူခံခဲ့ရတာ လို့ ဆိုပါတယ်။

ကျူးလွန်သူတွေကို ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်ခဲ့ရာ နှစ်ရက်အကြာမှာ ကျူးလွန်သူ လေးယောက်ကို ဘုရား ဆင်းတုတော်နဲ့အတူ ပြန်လည်ဖမ်းဆီးရမိတာဖြစ်တယ်လို့ မဟာအောင်မြေမြို့နယ် အမှတ်(၉)မြို့မရဲစခန်းက ရဲအရာရှိတစ်ယောက်က အတည်ပြု ပြောကြားပါတယ်။ အဲဒီ ရှေးဟောင်းလျောင်းတော်မူ ကျောက်သားဆင်းတု တော်ဟာ ၂၀၀၇ ခုနှစ်ကလည်း တစ်ကြိမ် အခိုးခံခဲ့ရဖူးပြီး အဲဒီတုန်းက ဘုရားခိုးသူတွေကို မြဝတီမြို့မှာ ပြန်လည် ဖမ်းမိခဲ့ပါတယ်။