မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ်ရှိ ရွှေဇာမဏီ ရွှေဆိုင်မှာ ဧပြီလ ၂၈ ရက် မွန်းလွဲပိုင်းက ဓားပြတိုက်မှု ဖြစ်ပွား ခဲ့တယ်လို့ ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ဧပြီလ ၂၈ ရက် မွန်းလွဲ ၃ နာရီအချိန် လောက်က ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၁၀၃ လမ်းနဲ့ ၁၀၄ လမ်းအနီး ၅၅ လမ်းပေါ်ရှိ ရွှေဇာမဏီ ရွှေဆိုင်အတွင်းကို ပြောက်ကျားဝတ် ၂ ယောက်နဲ့ အရပ်ဝတ် ၃ ယောက် ဝတ်ဆင်ထားတဲ့ အမျိုးသား ၅ ယောက်ဟာ Honda Insight အမဲရောင်ယာဥ်နဲ့ ဆိုင်ကို ရောက်ရှိလာတယ်လို့ ဆိုပါတယ်၊၊

ဆိုင်ထဲဝင်ရောက်လာပြီးနောက် ကျူးလွန်သူတွေက သေနတ်အတို ၂ လက်ပြပြီး ခြိမ်းခြောက်ကာ ဆိုင်အတွင်း ခင်းကျင်း ပြသထားတဲ့ ရွှေ ၂၃ ကျပ်သားလောက်နဲ့ phone 11 တို့ကို ယူဆောင်သွားတာဖြစ်ပါတယ်၊၊ ရွှေဆိုင်ကို ဓားပြတိုက်သွားတဲ့ ကျူးလွန်သူ အမျိုးသား ၅ ယောက်ကို ဖမ်းဆီးနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ ရှာဖွေတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်၊၊