ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှာ ဇွန်လ၂၆ ရက်က ကျပ် ၂ ဒသမ ၃၄ ဘီလီယံကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့က ဇွန်လ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ဇွန်လ ၂၆ ရက် နေ့လယ် ၁၂ ခွဲအချိန်က ဘားအံမြို့နယ်၊ လှကာကျေးရွာက နေအိမ်တစ်အိမ်ကို သတင်းအရ ဝင်ရောက်ရှာဖွေရာမှာ စိတ်ကြွရူးသွပ်ဆေးပြားတချို့ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ လှကာကျေးရွာက နောက်ထပ်အိမ်နှစ်အိမ်နဲ့ ကော့ထမ္မလိန်း ကျေးရွာက အိမ်တစ်အိမ်တို့ကနေလည်း စိတ်ကြွရူးသွပ်ဆေးပြားတွေ ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိသူတွေကို သက်ဆိုင်ရာရဲစခန်းတွေမှာ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်တွေကို ဖော်ထုတ်နေတယ်လို့ သိရပါတယ်။
