ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ၂၉လမ်း နဲ့ လမ်း ၃၀ ကြား မဟာဗန္ဓုလလမ်းပေါ်ရှိ တိတ်ရှိန် ရွှေဆိုင်မှာ မတ် ၂၃ ရက်၊ မနက် ၉ နာရီအချိန်လောက်က သေနတ်ပြပြီး ရွှေထည်တွေ ဓားပြတိုက်ယူဆောင်မှု ဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။အခင်းဖြစ်ချိန်မှာတော့ ဆိုင်ရှင် နဲ့ ဆိုင်ဝန်ထမ်းတွေ ရှိနေစဉ် Mask တပ်ထားတဲ့ အမျိုးသား လေးယောက် ဆိုင်အတွင်း ဝင်လာပြီးတော့ တစ်ယောက်က သေနတ်နဲ့ ထုတ်ချိန်ပြီး ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ဆိုင်ရှင် နဲ့ ဝန်ထမ်းတွေကို ကောင်တာနောက်မှာ ထိုင်ခိုင်းပြီး ဓားပြတိုက်သူတွေက ကောင်တာ အတွင်းရှိ ရွှေထည်မျိုးစုံ ၂၀ ကျပ်သားလောက်ကို ယူဆောင်ထွက်ပြေးသွားခဲ့တာလို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။အခင်းဖြစ်စဉ်နဲ့ပတ်သက်လို့ ကျူးလွန်သူတွေကို ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စီစီတီဗီမှတ်တမ်းက တစ်ဆင့် စုံစမ်း ဖော်ထုတ်နေတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-CJ