ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်၊ ဓမ္မရိပ်သာလမ်းသွယ်ထဲမှာ ဖေဖော်ဝါရီ ၁၂ ရက်၊ နေ့လယ်ပိုင်းက ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းလာကောက်တဲ့ ရာအိမ်မှူး အပါအဝင် သုံးယောက်ကို အိမ်ရှင် အမျိုးသားတစ်ယောက်က ဓာတ်ဆီနဲ့ပက်ပြီး မီးရှို့တိုက်ခိုက်ခဲ့တယ်လို့ ကြည်စုရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

ကျူးလွန်သူ အမျိုးသားကတော့ ဓာတ်ဆီနဲ့ပက် မီးရှို့ပြီးနောက် ထွက်ပြေးသွားတာကြောင့် သက်ဆိုင်ရာ ပူး ပေါင်းဌာနတွေက ပိုက်စိပ်တိုက် ရှာဖွေနေတယ်လို့ ဆိုပါတယ်။ဓာတ်ဆီနဲ့ပက်ပြီး တိုက်ခိုက်ခံရသူတွေကတော့ ကြည်စုရပ်ကွက်က ရာအိမ်မှူး အမျိုးသားတစ်ယောက်နဲ့ Volunteer အမျိုးသမီးနှစ်ယောက်တို့ဖြစ်ပြီး မီးလောင်ဒဏ်ရာတွေ ရရှိကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါး ကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဓာတ်ဆီလောင်း မီးရှို့ခဲ့တဲ့ အမျိုးသားကိုလည်း သက်ဆိုင်ရာ ဒေါပုံမြို့မ ရဲစခန်းမှာ အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။