ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ဇေယျာသီရိရပ်ကွက်၊ (၆)လမ်းထိပ်၊ ပေ (၈၀)လမ်းမပေါ်မှာ ဇန်နဝါရီ ၁၅ ရက်၊ ည ၈ နာရီကျော်လောက်က တက္ကစီယာဉ်ပေါ်မှာ ယာဉ်မောင်းတစ်ယောက် ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ အခင်းဖြစ်ရပ်မှာ သွားရောက်ကူညီခဲ့တဲ့ သစ္စာမဏ္ဍိုင်လူမှုကူညီကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။
အဲဒီယာဉ်မောင်းကို လည်ပင်းပြတ်ရှဒဏ်ရာ၊ ရင်အုံထိုးသွင်းဒဏ်ရာတွေနဲ့ တွေ့ရှိတဲ့အတွက် လူမှုကူညီရေး အသင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်စဉ် ဆေးရုံအရောက်မှာ ရရှိထားတဲ့ ဒဏ်ရာနဲ့ သေဆုံးခဲ့တာ ဖြစ် တယ်လို့ ဆိုပါတယ်။သေဆုံးသူ တက္ကစီယာဉ်မောင်းဟာ လည်ပင်းပြတ်ရှဒဏ်ရာနဲ့ ကားမောင်းလာစဉ် နေအိမ်အနီးအရောက်မှာ ဆက်လက် မောင်းနှင်နိုင်တာ မရှိတော့ဘဲ ကားရပ်တန့်သွားတာ ဖြစ်ပြီး ဘာကြောင့် ဖြစ်ရလဲဆိုတဲ့ အကြောင်း ရင်းကျုတော့ မသိရသေးဘူးလို့ သစ္စာမဏ္ဍိုင်လူမှုကူညီကယ်ဆယ်ရေးအသင်းက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
သေဆုံးသူဟာ ဒေါပုံမြို့နယ်၊ ဇေယျာသီရိ (၈)လမ်းမှာ နေထိုင်သူဖြစ်ပြီး အသက် ၃၅ နှစ် ဖြစ်တယ်လို့ ဆိုပါ တယ်။ လက်ရှိမှာ တက္ကစီယာဉ်မောင်းသေဆုံးမှုနဲ့ ပတ်သက်လို့ ဒေါပုံမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားပြီး သေဆုံးရတဲ့ အကြောင်းရင်းကို စုံစမ်းဖော်ထုတ်နေတယ်လို့ သိရပါတယ်။