ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ် ၊ ကမာကဆစ်ရပ်ကွက်မှာ နေထိုင်တဲ့ ဆယ်ကျော်သက် အရွယ် မိန်းကလးကို ပြပြီး တရုတ်မယား အဖြစ် ရောင်းစားဖို့ စည်းရုံးပြောဆိုသူ မြန်မာနိုင်ငံသား ၂ ယောက် နဲ့ တရုတ်နိုင်ငံသား ၂ ယောက်တို့ကို ဖေဖော်ဝါရီ ၆ ရက်က ဖမ်းဆီးအရေးယူထားတယ်လို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

အဲဒီ ဖြစ်စဉ်မှာ ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်မှာ နေထိုင်ပြီး ဘဝရှင်သန်ရပ်တည်ဖို့ အခက်အခဲရှိတဲ့ မိသားစုတစ်စုမှ အသက်မပြည့် သေးတဲ့ ဆယ် ကျော်သက်အရွယ် မိန်းကလေးငယ်ကို TikTok လူမှုကွန်ရက်စာမျက်နှာမှာ တွေ့ရှိပြီး အမျိုးသမီးငယ် နေထိုင်တဲ့ နေရာကို တရုတ် နိုင်ငံသား ၂ ယောက် နဲ့ စကားပြန် မြန်မာနိုင်ငံသား ၂ ယောက်တို့ ရောက်ရှိလာကာ မုန့်ဖိုးပေး ဆွဲဆောင်စည်းရုံးတဲ့ ဗီဒီယိုဖိုင်တွေ လူမှုကွန်ရက် မီဒီယာ ပလက်ဖောင်းတွေမှာ ပျံ့နှံ့ခဲ့ရာ ပြည်သူ တွေ အကြား ဝေဖန်မှုမြင့်တက်လာခဲ့ရာမှ စတင် ခဲ့တာ ဖြစ်ပါတယ်။လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်တွေနဲ့ ပတ်သက်ပြီး လူကုန်ကူးမှု တားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် အမှုမှ ကျူးလွန်သူတစ် ယောက်ဖြစ် တဲ့ တရုတ်နိုင်ငံသား Mr.Luo Fei ဟာ ဖေဖော်ဝါ ရီ ၆ ရက်၊ ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင် ရာ လေဆိပ်ကနေ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိ လေဆိပ်ကို လေကြောင်းခရီးနဲ့ ထွက်ခွာဖို့ ရောက်ရှိလာစဉ် ပြည်ပထွက်ခွာခွင့်ကို တားဆီးကာစစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့ပြီး ဆက်လက်ပြီး ကျန်ရှိတဲ့ ပါဝင်သူတွေကို ဖမ်းဆီး စစ်ဆေးမှုတွေ ဆောင်ရွက်နေတယ်လို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ တရုတ်နိုင်ငံသား Mr.Luo Fei နဲ့ နောက်ထပ် တရုတ်နိုင်ငံသား တစ်ဦး၊ စကားပြန်အဖြစ် ပူးပေါင်းပါဝင်ခဲ့တဲ့ သီတာ အောင်၊ အောင်ဇော်ဦး (ခေါ်) ဟာမီဒူလာ တို့ကို ဒလမြို့မရဲစခန်းမှာ လူကုန်ကူးမှု တားဆီးနှိမ်နင်း ရေး ဥပဒေပုဒ်မ ၃၅/၄၄ နဲ့ အမှုဖွင့်ပြီး ဖမ်းဆီး အရေးယူထားတယ်လို့ သိရပါတယ်။