ခြံကွက်အရောင်းအဝယ် မတည့်တဲ့အတွက် စကားများရာက အငြိမ်းစားပါမောက္ခ အမျိုးသမီးကို သတ်ဖြတ်ခဲ့ တယ်လို စစ်ဆေးပေါ်ပေါက်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲက မေ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

အခင်းဖြစ်စဉ်ကတော့ ဧပြီ ၂၇ ရက်၊ မနက်ပိုင်းက ပုသိမ်ကြီးမြိုနယ်၊ ရေထွက်ကျေးရွာက လူနေထိုင်တာ မရှိတဲ့ နေအိမ်အတွင်း အမျိုးသမီးတစ်ယောက် သေဆုံးနေကြောင်း သတင်းအရ သက်ဆိုင်ရာ ရဲတပ်ဖွဲက သွားရောက် စစ်ဆေးခဲ့ရာ ရေထွက်ကျေးရွာ လယ်ကွင်းအတွင်းမှာ ဆောက်လုပ်ထားတဲ့ တစ်ထပ်တိုက်အတွင်း အငြိမ်းစား ပါ မောက္ခ ဒေါ်ထွေးထွေးဟာ နဖူးပြတ်ရှဒဏ်ရာတွေနဲ့ မှောက်လျက် အနေအထား သွေးအိုင်ထဲမှာ ပုပ်ပွသေဆုံးနေ တာ ဖြစ်ပါတယ်။ပြစ်မှုကျူးလွန်သူကို အထူးအမှုစစ်အဖွဲ ဖွဲစည်းပြီး စုံစမ်းဖော်ထုတ်ခဲ့ရာ မေလ ၁ ရက်၊ မနက်ပိုင်းမှာ ကျူးလွန်သူ စိုင်းထွန်းနော်(ခေါ်) ကိုစိုင်း(ခေါ်) ငြိမ်းချမ်းဖြိုး(ခေါ်)ကိုဖြိုး ကို ဟဲဟိုးမြိုရှိ တည်းခိုခန်းတစ်ခုမှာ ကျူးလွန်စဉ်က ယူဆောင်ခဲ့တဲ့ ရွှေထည်ပစ္စည်းတွေ၊ မြေကွက်အရောင်းအဝယ် စာချုပ်/စာတမ်း ၃၉ စောင်၊ ဆိုင်ကယ်တစ်စီး၊ မြန်မာငွေစက္ကူရောရာ ကျပ်သိန်း(၂၀)ကျော်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျူးလွန်သူရဲ့ ထွက်ဆိုချက်အရ သူနဲ့ သေဆုံးသူ အငြိမ်းစားပါမောက္ခ ဒေါ်ထွေးထွေးတိုဟာ ဧပြီ ၂၅ ရက်၊ မွန်းလွဲ ပိုင်းက ပုသိမ်ကြီးမြိုနယ်၊ ရေထွက်ကျေးရွာနဲ့ နှမ်းကြဲကျေးရွာအကြားရှိ ဒေါ်ထွေးထွေး ပိုင်ဆိုင်တဲ့ ခြံကွက်ကို အရောင်းအဝယ်ပြုလုပ်ဖို ပြသစဉ် အရောင်းအဝယ် မတည့်တဲ့အတွက် စကားများရာကနေ ဒေါ်ထွေးထွေးကို လည်ပင်းညှစ်ပြီး အုတ်နီခဲနဲ့ ဦးခေါင်းကို နှစ်ချက်ထုရိုက်ခဲ့ကာ သူစီးလာတဲ့ Belta အမျိုးအစားယာဉ်အတွင်းကနေ ရွှေထည်ပစ္စည်းတွေနဲ့ ကျပ်သိန်း(၅၀)တိုကို ယူဆောင်ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း ဖော်ထုတ်သိရှိရတယ်လို ဆိုပါတယ်။ ဖော်ထုတ်ဖမ်းဆီးရမိသူကို ဥပဒေနဲ့အညီ အပြစ်ပေး အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်နေ တယ်လို မြန်မာနိုင်ငံ ရဲတပ်ဖွဲကနေ သိရပါတယ်။