ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်မှာ စက်တင်ဘာလ ၇ ရက် မနက်ပိုင်းက ငွေကျပ် ၈ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က စက်တင်ဘာ ၁၀ ရက်မှာထုတ်ပြန်ပါတယ်။
စက်တင်ဘာလ ၇ ရက် မနက် ၄ နာရီခွဲအချိန်လောက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ယန်းကျိန်ကျေးရွာအနီး မိုင်းလား-ကျိုင်းတုံသွားကားလမ်းမှာ အမျိုးသားတစ်ယောက်မောင်းနှင်လာတဲ့ မော်တော်ယာဉ်တစ်စီးကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်ကနေ ကာလတန်ဖိုးငွေကျပ် ၈ ဒသမ ၃၇ ဘီလီယံ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ တန်ကျော်ကိုသိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်၊၊
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိတဲ့အိုက်စ်(မက်သ်အဖက်တမင်း)ကို ကျိုင်းတုံမြို့နယ်ကနေ မိုင်းဖြတ်မြို့နယ်ကို သယ်ဆောင်ရောင်းဝယ်မှာဖြစ်တယ်လို့ဆိုပါတယ်၊၊
လက်ရှိမှာတော့ ဖမ်းဆီးရမိသူကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်စစ်ဆေးဖော်ထုတ်နေတယ်လို့သိရပါတယ်၊၊