ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်မှာ ငွေကျပ် ၄ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဩဂုတ်လ ၂၅ ရက်မှာထုတ်ပြန်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဩဂုတ်လ ၂၂ ရက် မနက် ၁ နာရီအချိန်လောက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ဟွေဟိကျေးရွာရှိ အမျိုးသမီးတစ်ယောက်ရဲ့နေအိမ်ကို သတင်းအရရှာဖွေရာ နေအိမ်ရှေ့ ခြံဝင်းအတွင်းရပ်တန့်ထားတဲ့မော်တော်ယာဉ်ပေါ်ကနေ ကာလတန်ဖိုးငွေကျပ် ၄ ဒသမ ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၁၂ သိန်းခွဲနဲ့ စိတ်ပြောင်းဆေးဝါး ကက်တမင်း ၄၂၇ ကီလိုကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်၊၊
ဒါ့အပြင် ဖမ်းဆီးရမိတဲ့သူကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီးကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်စစ်ဆေးဖော်ထုတ်နေတယ်လို့လည်း သိရပါတယ်၊၊