စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်မှာ ဩဂုတ်လ ၇ ရက် မနက်ပိုင်းက ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေသိရပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ကလေးမြို့နယ်၊ ကလေးဝမြို့၊ အမှတ်(၁)ရပ်ကွက်၊ ကလေးဝ-ကလေးသွားကားလမ်းမှာ အမျိုးသားတစ်ယောက်မောင်းနှင်လာတဲ့ မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာက ယာဉ်ပေါ်မှာ ကာလ တန်ဖိုးငွေကျပ် ၂ ဒသမ ၁၉ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၁၉ ဒသမ ၈ ကီလိုနဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၆ သိန်းနဲ့ အတူ အမျိုးသားနှစ်ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်၊၊
ဖမ်းဆီးရမိတဲ့သူ ၂ ယောက်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်စစ်ဆေးဖော်ထုတ်နေတယ်လို့ သိရပါတယ်၊၊