ပဲခူးတိုင်းဒေသကြီး၊ ဝေါမြိုနယ်နဲ့ နေပြည်တော် တပ်ကုန်းမြိုတိုမှာ ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိတဲ့ မူးယစ် ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို မြန်မာနိုင်ငံရဲတပ်ဖွဲက မေ ၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။လုံခြုံရေးတပ်ဖွဲဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲဟာ ဧပြီ ၂၈ ရက် မွန်းလွဲ ၁ နာရီအချိန်လောက်က ပဲခူးတိုင်းဒေသ ကြီး၊ ဝေါမြိုနယ်၊ ညောင်ခါးရှည်ကျေးရွာအနီး တပ်ကုန်းကနေ မော်လမြိုင်ကို အမျိုးသားတစ်ယောက် မောင်းနှင် လာတဲ့ Toyota Lexus မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေခဲ့တယ်လို ဆိုပါတယ်၊၊
အဲဒီလို ရှာဖွေရာမှာ ယာဉ်ပေါ်ကနေ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ် ချက်အရ အဲဒီနေ့ ညနေ ၄ နာရီခွဲအချိန်မှာ အမျိုးသားတစ်ယောက်ကို တပ်ကုန်းမြို၊ မြဝတီရပ်ကွက်ရှိ နေအိမ်မှာ ဆေးခြောက် ၂ ဒသမ ၃ ကီလို၊ မော်တော်ယာဉ်တစ်စီးနဲ့အတူ ဆက်လက် ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီလူနှစ်ယေက် ဆီက ဖမ်းဆွးရမိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်းနဲ့ ဆေးခြောက် ၂ ဒသမ ၃ ကီလိုရဲ့ ကာလတန်ဖိုးငွေဟာ ကျပ် ၁ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိတယ်လို ထုတ်ပြန်ချက်အရ သိရပါတယ်၊၊

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ်ကနေ မွန်ပြည်နယ်ကို သယ် ဆောင်ရောင်းဝယ်မှာ ဖြစ်တယ်လို ဆိုပါတယ်။ ဖမ်းဆီးရမိသူနှစ်ယေက်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူး လွန်သူတွေကို ဆက်လက် စစ်ဆေး ဖော်ထုတ်နေတယ်လို သိရပါတယ်၊၊