စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့လေဆိပ်မှာ ဇွန်လ ၃ ရက်က တရားဝင်စာရွက်စာတမ်းအထောက်အထား မတင်ပြနိုင်တဲ့ ၁၆ ပဲရည် ရွှေတုံး ၂၆ တုံးအပါအဝင် ရွှေထည်ပစ္စည်းလေးမျိုးကို သိမ်းဆည်းရမိခဲ့တယ်လို့ ဇွန်လ ၅ ရက်ထုတ် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။

အခုဖမ်းမိတဲ့ ရွှေတွေရဲ့ခန့်မှန်းတန်ဖိုးက ကျပ် ၂ ဒသမ ၃ ဘီလီယံကျော်ရှိပြီး လက်ရှိမှာတော့ မြန်မာ့သတ္တုတွင်းဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါ တယ်။ဇွန်လ ၂ ရက်နဲ့ ၃ ရက်မှာ တရားမဝင်ကုန်ပစ္စည်းသိမ်းဆည်းရမိမှုအမှုတွဲ ၁၆ မှုရှိပြီး ခန့်မှန်းတန်ဖိုး ကျပ် ၃ ဘီလီယံခွဲနီးပါးရှိတယ်လို့လည်း နိုင်ငံပိုင်သတင်းစာရဲ့ဖော်ပြချက်အရ သိရပါတယ်။