ရန်ကုန်မြို့၊ လသာမြို့နယ်၊ ၁၉ လမ်းမျာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ ဇူလိုင် ၂၁ ရက်၊ ည ၁၀ နာရီကျော် လောက်က အသံဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ အခင်းဖြစ်မြို့နယ်မှာ နေထိုင်သူအချို့က ပြောပါတယ်။
အသံဗုံးပေါက်ကွဲမှုကြောင့် ဆိုင်အတွင်းမှာရှိတဲ့ အမျိုးသားနှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့လည်း ဆိုပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားအပြီးမှာတော့ သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရောက်ရှိလာပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း အခင်းဖြစ်တဲ့နေရာအနီးမှာ နေထိုင်သူတစ်ယောက်က ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေကိုလည်း လူနာတင်ယာဉ်နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။