ဒုတိယအကြိမ် တရုတ်-မြန်မာ-ထိုင်း နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးကို ဇူလိုင် ၄ ရက်၊ မနက်ပိုင်းက နေပြည်တော်ရှိ Jasmine Naypyitaw ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အစည်းအဝေးကို ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော် ဦးဆောင်တဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက အဆင့်မြင့် အရာရှိကြီးတွေ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန လက်ထောက်ဝန်ကြီး မစ္စတာ လျှိကျုံးရီ ဦးဆောင်တဲ့ အဆင့်မြင့် အရာရှိကြီးတွေ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အကြံပေးပုဂ္ဂိုလ် မစ္စတာ ဒူစစ် မနပန်း ဦးဆောင်တဲ့ အဆင့်မြင့် အရာရှိကြီးတွေ တက်ရောက်ပါတယ်။အစည်း အဝေးမှာ တရုတ်-မြန်မာ-ထိုင်း နိုင်ငံတို အကြား လုံခြုံရေး နဲ့ တရားဥပဒေ စိုးမိုးရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၊ အွန်လိုင်း လိမ်လည်မှု နဲ့ အွန်လိုင်း လောင်းကစားမှု တိုက်ဖျက်ရေး ကိစ္စရပ်တွေကို သက်ဆိုင်ရာ ပြည်တွင်း ဥပဒေတွေနဲ့အညီ ညှိနှိင်း ပေါင်းစပ် ဆောင်ရွက်သွားဖို ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။