ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဈေးကုန်းအရှေ့ရပ်ကွက်၊ မီးရထားခုံးကျော်တံတားလက်ရန်းမှာ ဒီဇင်ဘာ ၈ ရက်၊ မနက်ပိုင်းက အမျိုးသားကြီးတစ်ယောက် ကြိုးဆွဲချ သေဆုံးခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သိရပါတယ်။

သေဆုံးသူဟာ အသက် ၆၁ နှစ်အရွယ် အငြိမ်းစား လဝက ဦးစီးအရာရှိ ဦးချစ်ကိုကိုလွင် ဖြစ်ပြီး ရထားခုံးကျော်တံတား တောင်ဘက်၊ အမြင့်ပေ ၃၀ ရှိတဲ့ တံတားလက်ရန်း သံတန်းမှာ နိုင်လွန်ကြိုးကို အသုံးပြုပြီး ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူရဲ့မိသားစုဝင်တစ်ယောက်ရဲ့ ပြောပြချက်အရ သေဆုံးသူဟာ အရက်သေစာအလွန်အကျွံ သောက်စား တဲ့အတွက် အသည်းရောဂါခံစားနေရသူတစ်ယောက် ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါ တယ်။ လက်ရှိမှာတော့ အလောင်းကို အင်းစိန်ဆေးရုံကို ပို့ဆောင်ကာ အင်းစိန်မြို့မရဲစခန်းမှာ သေမှုသေခင်း ဖွင့်လှစ်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။