မြန်မာနိုင်ငံရဲ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဟာ ပြီးခဲ့တဲ့နှစ်ထက် လျော့ကျလာခဲ့တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့်ရာဇဝတ်မှုခင်းဆိုင်ရာရုံး(UNODC)ရဲ့ အစီရင်ခံစာရဲ့ဖော်ပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတော့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘိန်းအများဆုံး ထုတ်လုပ်တဲ့နိုင်ငံအဖြစ် ရပ်တည်ခဲ့ပြီး ဘိန်းဖြူနဲ့ မူးယစ်ဆေးဝါး တန်ချိန် ၁၀၈၀ ထုတ်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အခု ၂၀၂၄ ခုနှစ်မှာတော့ ဘိန်းဖြူထုတ်လုပ်မှု လျော့ကျလာခဲ့ပြီး ဘိန်းဖြူတန်ချိန် ၉၉၅ တန်သာ ထုတ်လုပ်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုရဲ့ ၈၀ ရာခိုင်နှုန်းကို ရှမ်းပြည်နယ်ရှိ နေရာအများအပြားမှာ စိုက်ပျိုး ထုတ်လုပ်တာဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွင်း ရှမ်းပြည်နယ်ရှိ နေရာအများစုမှာ တိုက်ပွဲတွေအရှိန်မြှင့် ဖြစ်လာခဲ့ တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။