မန္တလေးတိုင်းဒေသကြီးမှာ ငွေကျပ်၂ဘီလီယံခန့်တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား၊ ကတ်တမင်း၊ အက်တက်စီနဲ့ Happy Waterတွေဖမ်းမိခဲ့တယ်လို မြန်မာနိုင်ငံရဲတပ်ဖွဲက ဒီဇင်ဘာ၂၄ရက်မှာ ထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါးတာဆီးနှိမ်နင်းရေးရဲတပ်ဖွဲက တပ်ဖွဲဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲဟာ ဒီဇင်ဘာ၁၇ရက် ညနေ၅နာရီက သတင်းအရ အမရပူရမြိုနယ်၊ ၆၂လမ်းပေါ်မှာ အမျိုးသား၂ယောက်လိုက်ပါလာတဲ့ ၂၂ဘီးတွဲကားတစ်စီးပေါ်ကနေ စိတ်ကြွရူးသွပ်ဆေးပြား ၃၄၄၀၀ပြား ဖမ်းမိခဲ့ပြီး အဲ့ဒီနေ့ညနေပိုင်းမှာ မူးယစ်ဆေးဝါးတွေသယ်ဆောင်ခိုင်းတဲ့ အမျိုးသား၂ယောက်ကို ပြည်ကြီးတံခွန်မြိုနယ်မှာ ဖမ်းမိခဲ့တယ်လို ဆိုပါတယ်။ကွင်းဆက်ဖော်ထုတ်ချက်အရ အမျိုးသမီးတစ်ယောက်ကို အမရပူရမြိုနယ်၊ နတ်ရေကန်ကျေးရွာမှာ စိတ်ကြွရူးသွပ်ဆေးပြား ၈၄၀၀နဲ့အတူဖမ်းမိခဲ့တယ်လို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ဆေးဖော်ထုတ်ချက်တွေအရ အမျိုးသားတစ်ယောက်ကို ချမ်းမြသာစည်မြိုနယ်ရှိ ဟိုတယ်တစ်ခုမှာ Happy Water ၅ဒသမ၅ကီလို၊ အက်တက်စီ ၈၆၄၀ပြား၊ အက်တက်စီအမှုန့် ၀ဒသမ၂ကီလိုနဲ့အတူ ဖမ်းမိခဲ့ပြီး ဒီဇင်ဘာ၂၀ရက်မှာ နောက်ထပ်အမျိုးသားတစ်ယောက်ကို ချမ်းအေးသာစံမြိုနယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်မှာ ကတ်တမင်း ၁ဒသမ၉ကီလို၊ အက်တက်စီအပြား ၉၆၀၀၊ Happy 5ဆေးပြား၉၀၀၀၊ Happy Water ၁ဒသမ၂၁၅ကီလိုနဲ့အတူ ထပ်မံဖမ်းမိခဲ့တယ်လို သိရပါတယ်။

အခုဖမ်းမိတဲ့မူးယစ်ဆေးတွေရဲ့တန်ဖိုးဟာ ကျပ်၂ဘီလီယံခန့်ရှိပြီး ဖမ်းမိထားတဲ့ အမျိုးသား၆ယောက်နဲ့ အမျိုးသမီး၁ယောက်ကို ဥပဒေအရ အရေးယူထားသလို ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို ထုတ်ပြန်ထားပါတယ်။