မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်မှာ စက်တင်ဘာလ ၁၀ ရက် မနက်ပိုင်းက ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်နေအိမ်မှာ ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့ပြီး အဲဒီဖြစ်စဉ်မှာ ရွှေထည်ပစ္စည်းတန်ဖိုးကျပ်သိန်း ၅ သောင်းလောက်ပါသွားတယ်လို့ ချောင်ချောင်ရွှေဆိုင်က တာဝန်ရှိသူတစ်ယောက်က One News ကိုပြောပါတယ်၊၊
ဖြစ်စဉ်ကတော့ ရွှေဆိုင်ပိုင်ရှင်ဖြစ်သူက ချမ်းမြသာစည်မြို့နယ်(၁၀၁)ဘီလမ်းနဲ့(၇၁)လမ်းရှိ နေအိမ်ကနေ ချမ်းအေးသာစံမြို့ နယ်၊ လမ်း(၃၀)မင်္ဂလာစျေးအနီးမှာဖွင့်လှစ်ထားတဲ့ ချောင်ချောင်ရွှေဆိုင်ကို သွားရောက်ဖို့ပြင်ဆင်နေချိန်မှာ ဓားပြတိုက်ခံရတာဖြစ်တယ်လို့ဆိုပါတယ်၊၊

အဲဒီလို ရွှေဆိုင်ပိုင်ရှင်က ရွှေဆိုင်ကိုသွားရောက်ဖို့ ပြင်ဆင်နေချိန်မှာ သေနတ်ကိုင်ပြီး မျက်နှာဖုံးတွေအုပ်ထားတဲ့လူခြောက်ယောက်လောက်က ကားတစ်စီးနဲ့ရောက်လာပြီး ရွှေတွေထည့်ထားတဲ့ခြင်းတွေကို နေအိမ်ကနေဓားပြတိုက်ယူဆောင်ထွက်ပြေးသွားခဲ့တာလို့သိရပါတယ်။
ဓားပြတိုက်ခံရတဲ့ ရွှေထည်ပစ္စည်းတွေဟာ ၁၀ ပိဿာလောက်ရှိပြီး စုစုပေါင်း တန်ဖိုးအနေနဲ့ ငွေကျပ် သိန်း ၅ သောင်းဖိုး လောက်ရှိတယ်လို့ ချောင်ချောင်ရွှေဆိုင်ကတာဝန်ရှိသူတစ်ယောက်ရဲ့ ပြောကြားချက်အရသိရပါတယ်၊၊ လက်ရှိမှာတော့ ဓားပြတိုက်သွားတဲ့ ကျူးလွန်သူတွေကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့လည်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ကနေ သိရပါတယ်။
ဓာတ်ပုံ-CJ