ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မှာ ဇွန်လ ၂၄ ရက် ညပိုင်းက YBS ယာဉ်၊ အိမ်စီးကားနဲ့ ဆိုင်ကယ်တိုက်မိ မှုဖြစ်ပွားခဲ့ပြီး အဲဒီဖြစ်စဉ်ကြောင့် အိမ်စီးကားယာဉ်မောင်းနဲ့ ဆိုင်ကယ်စီးသူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေသွားရောက်ဆောင်ရွက်ခဲ့တဲ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့ တွဲလက်လူမှုကူညီရေး အသင်းကနေ သိရပါတယ်၊၊
ဖြစ်စဉ်ကတော့ ဇွန်လ ၂၄ ရက် ည ၇ နာရီ ၄၂ မိနစ် အချိန်လောက်က အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ ဘုရင့်နောင်လမ်းမပေါ်မှာ အိမ်စီးကားတစ်စီးဟာ ဆိုက်ကယ်တစ်စီးကို တိုက်မိပြီး အရှိန်မထိန်းနိုင်ဘဲ တစ်ဖက် ယာဉ်ကြောပေါ်က YBS နံပါတ် ၄၀ ယာဉ်နဲ့ မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်၊၊
အဲဒီလို ဝင်ရောက်တိုက်မိတာကြောင့် အိမ်စီးကားပေါ်က ယာဉ်မောင်းအမျိုးသားတစ်ယောက်နဲ့ ဆိုင်ကယ်စီး လာသူတို့ ဒဏ်ရာရသွားပြီး အိမ်စီးကားပေါ်ကအမျိုးသားက ကားအတွင်းညပ်နေတာကြောင့် ဆွဲထုတ်ခဲ့ရတယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ယာဉ်မောင်းအမျိုးသားနဲ့ ဆိုက်ကယ်စီးသူတို့ကို တွဲလက်လူမှုကူညီရေးအသင်းက ယာဉ်နဲ့ အင်းစိန်ပြည်သူ့ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်၊၊