မူဆယ်မြို့နယ်၊ မိုင်းယု(၁၀၅)မိုင်ကျေးရွာအုပ်စုမှာ ဇွန်လ ၂၂ရက် ညနေပိုင်းက ကျွဲဆိုးတစ်ကောင် တိုက်ခိုက်မှု ကြောင့် လူ ၂၀ ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီး ၁ ယောက် သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ခဲ့တဲ့ ပါရမီလူမှုကူညီရေးအသင်း၊ မိုင်းယု(၁၀၅)မိုင်ကနေ သိရပါတယ်၊၊
အဲဒီကျွဲဟာ မိုင်းယု(၁၀၅)မိုင်ကျေးရွာအုပ်စု မန့်မောရွာဘက်ကနေ ထွက်ပြေးလာတဲ့ ကျွဲဖြစ်တယ်လို့ သိရပြီး ထွက်ပြေးလာတဲ့ လမ်းတစ်လျှောက်က လူတွေကို ချိုနဲ့လိုက်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ကျွဲခတ်ခံရတဲ့ လူနာတွေထဲက စိုးရိမ်ရတဲ့လူနာတချို့ကို ကွတ်ခိုင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး အဲဒီထဲက အမျိုးသမီးလူနာတစ်ယောက်ဟာ ဇွန်လ ၂၃ ရက်မနက်ပိုင်းက ဆေးရုံမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။
အဲဒီကျွဲကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူတွေက သေနတ်နဲ့ပစ်ခတ်နှိမ်နင်းခဲ့တယ်လို့ သိရပါတယ်။