စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ KBZ ဘဏ် (၁) ကို ဇွန်လ ၁၉ ရက်၊ ညနေပိုင်းက ဝင်ရောက်လုယက်ဓားပြတိုက်တဲ့အဖွဲ့ကို ဖမ်းဆီးရာမှာ ဓားပြအဖွဲ့ထဲက တစ်ယောက်ကို ကျပ်သိန်း ၃၀၀၀ ကျော်နဲ့အတူ အသေ ဖမ်းမိခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
အခင်းဖြစ်ရပ်ကတော့ KBZ ဘဏ်(၁)ကို ဇွန်လ ၁၉ ရက်၊ ညနေ ၄ နာရီခွဲလောက်မှာ အမျိုးသား ၄ ယောက်က ဆိုင်ကယ် ၂ စီးနဲ့ ရောက်ရှိလာပြီး လုယက် ဓားပြတိုက်နေကြောင်း သတင်းရလို့ လုံခြုံရေး လှည့်ကင်းအဖွဲ့က ဖမ်း ဆီးရမိရေး ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
လှည့်ကင်းအဖွဲ့ဟာ KBZ ဘဏ် (၁)ကို ရောက်ရှိပြီး ဝင်ရောက် စီးနင်းဖမ်းဆီးရာ လုယက်ဓားပြတိုက်သူ အမျိုးသားတစ်ယောက်ကို အသေဖမ်းဆီးရမိတဲ့အပြင် ဓားပြတိုက် ယူဆောင်ထားတဲ့ ငွေကျပ် ၃၀၃၁ သိန်း၊ လက်ကိုင်ဖုန်း ၂ လုံး နဲ့ လက်လုပ်ပစ္စတို ၁ လက်၊ ကျည် ၉ တောင့်၊ ဗုံးသီး ၁ လုံး နဲ့ ဆိုင်ကယ် ၂ စီး တို့ကို သိမ်းဆည်း ရမိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဘဏ်ဓားပြတိုက်မှုကနေ ထွက်ပြေးလွတ်မြောက်နေသူတွေကို ထပ်မံဖော် ထုတ်ဖမ်းဆီးနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ ဝင်တွေက မြို့ဝင်/မြို့ထွက် နေရာတွေကို ပိတ်ဆို့ပြီး လုံခြုံရေးလုပ်ငန်းစဉ်တွေနဲ့အညီ ဆက်လက်ဆောင်ရွက် နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။