ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်မှာ ဇွန်လ ၁၆ ရက် မနက်ပိုင်းက ငွေကျပ် ၂ဘီလီယံနီးပါးတန်ဖိုးရှိ မူးယစ် ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့က ဇွန်လ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဇွန်လ ၁၆ ရက် မနက် ၁ နာရီအချိန်လောက်က ပဲခူးတိုင်း ဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ရွှေပြည်သာကျေးရွာရဲ့ အရှေ့ဘက် နှစ်မိုင်ခန့်အနီးရှိ တဲတစ်လုံးကို သတင်းအရ ရှာဖွေရာ ကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၇၄ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၁ ဒသမ ၆ သိန်းနဲ့အတူ အမျိုးသား ၁၀ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်၊၊ စစ်ဆေးဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးတွေ သယ်ဆောင်ခိုင်းသူ အမျိုးသားနှစ်ယောက်ကိုလည်း ဆက်လက်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်၊၊
ဒါ့အပြင် ဖမ်းဆီးရမိသူ ၁၂ ယောက်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ အရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်စစ်ဆေး ဖော်ထုတ်နေတယ်လို့ သိရပါတယ်၊၊