နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသထံကို ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) ဗဟိုအသင်းကြီးက အဘိဓဇအဂ္ဂမဟာမင်္ဂလဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ကို ဆက်ကပ် လှူဒါန်းခဲ့ပါတယ်။ ဘွဲ့တံဆိပ်တော်တွေ ဆက်ကပ်ချီးမြှင့်တဲ့ မင်္ဂလာအခမ်းအနားကို နိုဝင်ဘာ(၂၅)ရက် က ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်တောင်ဘက်မုခ်အနီးရှိ တပ်မတော်ဓမ္မာရုံမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) ဗဟိုအသင်းကြီးကို (၁၉၀၆)ခုနှစ်မှာ တည်ထောင်ခဲ့ပြီး အမျိုးသား အောင်ပွဲနေ့ကို တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့မှာ နှစ်စဉ်ကျင်းပလာခဲ့တာဟာ အခု ၂၀၂၄ ခုနှစ်မှာဆို ရင် (၁၀၄)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
(၁၀၄)နှစ်ပြည့်မှာ (YMBA)အသင်းကြီးကပေးအပ်တဲ့ အမြင့်ဆုံးဘွဲ့တံဆိပ်တော်ြဖစ်တဲ့ အဘိဓဇအဂ္ဂမဟာမင်္ဂလ ဓမ္မ ဇောတိကဘွဲ့ ရရှိတဲ့ ဆရာတော်ကြီးတစ်ပါး၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့ ရရှိတဲ့ ဆရာတော်(၃)ပါး အပါအဝင် မဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့တော်ရရှိတဲ့ ဆရာတော် စုစုပေါင်း (၂၉)ပါးကို ဘွဲ့တံဆိပ်တော်တွေ ဆက်ကပ်လှူဒါန်းပြီး လူပုဂ္ဂိုလ်(၆၂)ဦးကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ဘွဲ့တွေ ပေးအပ်ခဲ့တာဖြစ်ပါတယ်။
လူပုဂ္ဂိုလ်တွေကို ဘွဲ့တွေ ရွေးချယ်ပေးအပ်ရာမှာ နိုင်ငံတော်မှာ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေနဲ့ အနုပညာရှင်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။