ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို အဝေရာ မီးပုံးပျံကွင်းမှာ နိုဝင် ဘာလ (၉)ရက်ကနေ (၁၅)ရက်အထိ (၇)ရက်ကြာ ကျင်းပသွားမှာ ဖြစ်တယ်လို့ ပွဲတော်ကျင်းပရေး ကော်မတီ ကနေ သိရပါတယ်။
ပွဲတော်ရက်တွေအတွင်း မီးပုံးပျံ နေ့လွှတ်ပြိုင်ပွဲနဲ့ ညလွှတ်ပြိုင်ပွဲတွေ ပါဝင်မှာ ဖြစ်ပါတယ်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို ကိုဗစ်ကပ်ရောဂါကြောင့် (၃)နှစ်ကြာ ရပ်နားခဲ့ရပေမဲ့ (၂၀၂၃)ခုနှစ်က ပြန်လည်ကျင်းပခဲ့ပြီး အခုနှစ်မှာလည်း စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်က တောင်ကြီးမီးပုံးပျံပွဲမှာ နေ့လွှတ်မီးပုံးပျံ ၆၃ လုံးနဲ့ ညလွှတ် မီးပုံးပျံ ၆၃ လုံး ယှဉ်ပြိုင် လွှတ်တင် ခဲ့တယ်လို့ သိရပါတယ်။